ဂုဏ်သရေရှိသူခိုးကြီး စောရသက်ပြင်း
ဒဂုန်ရွှေမျှား ကိုသေတ္တာ 28:06 9/18/2024
Synopsis
ကမ္ဘာကျော် အာစင်လူပင် ဇာတ်ကောင်ကို မှီငြမ်း၍ ဒဂုန်ရွှေမျှား မြန်မာမှုပြုရေးသားထားသည့် အခန်းဆက်ဝတ္ထုရှည်ဖြစ်သည်။ ဉာဏ်ရည်ထက်မြက်သော သူခိုးကြီး စောရသက်ပြင်းသည် မတရားသော ဓနရှင်နှင့် အာဏာရှင်တို့၏ ပိုင်ဆိုင်မှုများကို နည်းလမ်းအမျိုးမျိုးဖြင့် ခိုးယူကာ ဆင်းရဲသားများအား ပြန်လည်လှူဒါန်းလေ့ရှိသည်။ ထို့ကြောင့် ပြည်သူတို့က ဂုဏ်သရေရှိသူခိုးကြီးဟု ခေါ်ဝေါ်ကြသည့် စောရသက်ပြင်း၏ စွန့်စားခန်းများကို တင်ဆက်ထားသည်။
