ဘောင်ဒရီလမ်းလူသတ်မှု (အပိုင်း - ၆)
ရွှေဥဒေါင်း 35:26 9/26/2021
Synopsis
ဘောင်ဒရီလမ်း၌ ဖြစ်ပွားသော လူသတ်မှုကို စုံထောက်မောင်စံရှား စုံစမ်းဖော်ထုတ်သည့် ဝတ္ထု၏ အပိုင်း - ၆ ဖြစ်သည်။ ကိုနင်ဒွိုင်း၏ ရှားလော့ဟုမ်းဝတ္ထုရှည် “A Study in Scarlet” ကို အခြေခံ၍ ဆရာကြီးရွှေဥဒေါင်းက မြန်မာမှုပြုရေးသားထားပြီး စုံထောက်ဦးစံရှားဝတ္ထုများအနက် ပထမဆုံးလက်ရာဖြစ်သည်။ မူလက “မြို့ပတ်လမ်းလူသတ်မှု၌ မောင်စံရှားစုံထောက်ပုံ” အမည်ဖြင့် သူရိယမဂ္ဂဇင်းတွင် ဖော်ပြခဲ့သည်။
