ရွှေပြည်တော်မျှော်တိုင်းဝေး ဒုတိယတွဲ အပိုင်း[၂၁]

The Far Pavilions

မြသန်းတင့် 1:19:32 11/24/2021
Sign in to save

Synopsis

ကိုလိုနီခေတ် အိန္ဒိယပြည်ကို နောက်ခံထားကာ အိန္ဒိယအမျိုးသမီး သီတာ၏ စောင့်ရှောက်မှုဖြင့် ကြီးပြင်းလာသော အင်္ဂလိပ်လူမျိုး အက်ရှ်နှင့် မဟာရာဇာ၏ သမီးတော် ဇူလီတို့၏ အချစ်ဇာတ်လမ်းကို ဖော်ကျူးထားသည်။ ငယ်စဉ်က ကစားဖော်ဖြစ်ခဲ့ကြသော သူတို့နှစ်ဦးသည် နန်းတွင်းအာဏာလုပွဲများကြောင့် ကွဲကွာခဲ့ပြီး အက်ရှ် စစ်ဗိုလ်ဖြစ်လာချိန်တွင် ပြန်လည်ဆုံတွေ့ကြသည်။ လူမျိုးရေးခွဲခြားမှု၊ ရိုးရာဓလေ့၏ ဖိနှိပ်မှုနှင့် စစ်မက်အန္တရာယ်များကို ရင်ဆိုင်ရင်း အက်ရှ်သည် ဇူလီကို ခင်ပွန်းသည်နှင့်အတူ မီးရှို့သင်္ဂြိုဟ်ခံရမည့်ဘေးမှ ကယ်တင်ခဲ့သည်။ နောက်ပိုင်း အာဖဂန်စစ်ပွဲအတွင်းမှ လွတ်မြောက်ရန် ကြိုးပမ်းကြကာ စစ်မက်နှင့် အမုန်းတရားကင်းသော ငြိမ်းချမ်းရာဘဝကို နှစ်ဦးအတူ ရှာဖွေကြသည့် ဝတ္ထုဖြစ်သည်။