ရွှေပြည်တော်မျှော်တိုင်းဝေး ဒုတိယတွဲ အပိုင်း[၄၀]
မြသန်းတင့် (ဘာသာပြန်) 1:06:27 12/21/2021
Synopsis
ကိုလိုနီခေတ် အိန္ဒိယပြည်ကို နောက်ခံထားသည့် အချစ်နှင့် စွန့်စားခန်းဝတ္ထုဖြစ်သည်။ အင်္ဂလိပ်မိဘများမှ မွေးဖွားသော်လည်း အိန္ဒိယအမျိုးသမီး သီတာ၏ ပြုစုစောင့်ရှောက်မှုဖြင့် ကြီးပြင်းလာသော အက်ရှ်သည် မိမိ၏ မျိုးရိုးနှင့် ယဉ်ကျေးမှုနှစ်ခုကြားတွင် ရုန်းကန်ရသူဖြစ်သည်။ အင်္ဂလိပ်စစ်ဗိုလ်အဖြစ် အိန္ဒိယသို့ ပြန်ရောက်လာချိန်၌ ငယ်စဉ်က ကစားဖော်ဖြစ်ခဲ့သော မင်းသမီးဇူလီနှင့် ပြန်လည်ဆုံတွေ့ကာ ချစ်ကြိုးသွယ်မိကြသည်။ နန်းတွင်းပဋိပက္ခများ၊ ဖိနှိပ်သော ဓလေ့ထုံးစံများနှင့် အင်္ဂလိပ်–အာဖဂန်စစ်ပွဲတို့ကို ဖြတ်ကျော်ရင်း ချစ်သူနှစ်ဦးသည် စစ်မက်နှင့် အမုန်းတရားကင်းသော ငြိမ်းချမ်းရာဘဝကို ရှာဖွေကြသည်။
