ဟံသာဝတီကျဆုံးခန်း ၁၇၅၇ (အစ~အဆုံး)
The Fall of Hantharwaddy 1757
ခက်ဇော် 6:55:04 10/30/2022
Synopsis
၁၇၅၇ ခုနှစ် ဟံသာဝတီကျဆုံးခန်းကို နောက်ခံထားသည့် သမိုင်းဝတ္ထုဖြစ်သည်။ သံလျင်နှင့် ရန်ကုန်ကျဆုံးပြီးနောက် ကျွန်ဈေး၌ ရောင်းချခံရသော မွန်ပြင်သစ်ကပြားမလေး ဆာရာဘူးလ်တပ်ကို အလောင်းမင်းတရား၏ အကြံပေး အာမေးနီးယန်းအတွင်းဝန် ဂရီဂိုရီက ဝယ်ယူကာ ဟံသာဝတီနန်းတော်သို့ သူလျှိုအဖြစ် စေလွှတ်ခဲ့သည်။ ဆာရာသည် သူလျှိုတာဝန်များကို ထမ်းဆောင်ရင်း ဖမ်းဆီးခံထားရသော မိဘနှစ်ပါးနှင့် ခင်ပွန်းကို ကယ်တင်နိုင်မည်လားဆိုသည့် ပဋိပက္ခနှင့်အတူ ဟံသာဝတီနေပြည်တော် ကျဆုံးမှုတွင် ပါဝင်ပတ်သက်သူများ၏ အကြောင်းကို ဖော်ပြထားသည်။
