အင်းဝကိုလွန်၍ ၁၇၅၀ ပြည့်လွန်နှစ်များ (အပိုင်း15~16)
Beyond AVA1750s
ခက်ဇော် 31:36 8/31/2022
Synopsis
အင်းဝခေတ်နောက်ခံ စာအုပ်တွဲ၏ အဆက်ဖြစ်ပြီး ၁၇၅၀ ပြည့်လွန်နှစ်များအတွင်း အလောင်းမင်းတရား ဦးအောင်ဇေယျက ရွှေဘိုကို ဗဟိုပြု၍ ကုန်းဘောင်မင်းဆက်နှင့် တတိယမြန်မာအင်ပါယာ တည်ထောင်ရန် အင်အားစုစည်းကာ အောက်မြန်မာပြည်သို့ နယ်မြေချဲ့ထွင်လာပုံကို ဖော်ပြထားသည်။ ထိုခေတ်၏ နိုင်ငံရေး၊ စီးပွားရေး၊ နိုင်ငံတကာဆက်ဆံရေး၊ ဘာသာရေးနှင့် လူမှုဓလေ့များအပြင် ပြင်သစ်၊ အင်္ဂလိပ်၊ ဒတ်ချ်နှင့် ပေါ်တူဂီတို့၏ ပါဝင်ပတ်သက်မှုများကိုလည်း ထည့်သွင်းရေးသားထားသည်။ ပြည်တွင်းစစ်၏ အနိဋ္ဌာရုံများနှင့် ခေတ်အပြောင်းအလဲများကြား မြေစာပင်ဖြစ်ရသော ပြည်သူတို့၏ဘဝကို ကွက်ကွက်ကွင်းကွင်း တင်ပြထားသော သမိုင်းနောက်ခံဇာတ်လမ်းဖြစ်သည်။
