အင်းဝလွန် ၁၇၅၀ ပြည့်လွန်နှစ်များ (အပိုင်း41~42)
Beyond AVA1750s
ခက်ဇော် 33:49 9/27/2022
Synopsis
အင်းဝဇာတ်လမ်းတွဲ၏ အဆက်ဖြစ်ပြီး ၁၇၅၀ ပြည့်လွန်နှစ်များအတွင်း အလောင်းမင်းတရား ဦးအောင်ဇေယျ ဦးဆောင်သော အင်အားစုများ ရွှေဘိုကို ဗဟိုပြု၍ ကုန်းဘောင်မင်းဆက်နှင့် တတိယမြန်မာအင်ပါယာ တည်ထောင်ရန် အင်အားစုစည်းကာ အောက်မြန်မာပြည်သို့ နယ်မြေချဲ့ထွင်လာသည့်ကာလကို နောက်ခံထားသည်။ ထိုခေတ်၏ နိုင်ငံရေး၊ စီးပွားရေး၊ နိုင်ငံတကာဆက်ဆံရေးနှင့် ဘာသာရေးအခြေအနေများ၊ ဥရောပလူမျိုးများ၏ ပါဝင်ပတ်သက်မှုများကို ဖော်ပြထားသလို ပြည်တွင်းစစ်၏ အနိဋ္ဌာရုံများကြား မြေစာပင်ဖြစ်ရသော ပြည်သူတို့၏ဘဝနှင့် လူမှုဓလေ့များကိုလည်း ကွက်ကွက်ကွင်းကွင်း ရေးဖွဲ့ထားသည်။
