အင်းဝအလွန် ၁၇၅၀ ပြည့်နှစ်များ (ဇာတ်သိမ်း)

Beyond AVA1750s

ခက်ဇော် 22:13 9/29/2022
Sign in to save

Synopsis

အင်းဝဇာတ်လမ်းတွဲ၏ အဆက်ဖြစ်ပြီး ၁၇၅၀ ပြည့်နှစ်များအတွင်း မြန်မာနိုင်ငံ၏ သမိုင်းနောက်ခံကို ပုံဖော်ထားသော ဇာတ်လမ်းဖြစ်သည်။ ရွှေဘိုကို ဗဟိုပြု၍ အလောင်းမင်းတရား ဦးအောင်ဇေယျ ဦးဆောင်သော ကုန်းဘောင်အင်အားစုများ စုစည်းပေါ်ပေါက်လာကာ ဟံသာဝတီ၊ ရန်ကုန်၊ သန်လျင်နှင့် အောက်မြန်မာပြည်သို့ နယ်မြေချဲ့ထွင်လာသည့်ကာလကို အခြေခံထားသည်။ ထိုခေတ်၏ နိုင်ငံရေး၊ စီးပွားရေး၊ နိုင်ငံတကာဆက်ဆံရေး၊ ဘာသာရေးနှင့် လူမှုဓလေ့များအပြင် ဥရောပလူမျိုးများ၏ ပါဝင်ပတ်သက်မှုနှင့် ပြည်တွင်းစစ်ကြား မြေစာပင်ဖြစ်ခဲ့ရသော ပြည်သူတို့၏ဘဝကို ကွက်ကွက်ကွင်းကွင်း တင်ပြထားသည်။