အင်းဝအလွန် ၁၇၅၀ ပြည့်နှစ်များ (အပိုင်း3~4)
Beyond AVA1750s
ခက်ဇော် 35:18 8/24/2022
Synopsis
အင်းဝနောက်ခံ ဇာတ်လမ်းတွဲများ၏ အဆက်ဖြစ်ပြီး ၁၇၅၀ ပြည့်နှစ်များအတွင်း ကုန်းဘောင်မင်းဆက် ပေါ်ထွန်းလာချိန်ကို နောက်ခံထားသည်။ ရွှေဘိုကို ဗဟိုပြု၍ အင်အားစုစည်းလာသော အလောင်းမင်းတရား ဦးအောင်ဇေယျနှင့် တပ်များ အောက်မြန်မာပြည်သို့ နယ်မြေချဲ့ထွင်လာမှုနှင့်အတူ ခေတ်ကာလ၏ နိုင်ငံရေး၊ စီးပွားရေး၊ ဘာသာရေးနှင့် နိုင်ငံတကာဆက်ဆံရေးတို့ကို ဖော်ပြထားသည်။ ပြင်သစ်၊ အင်္ဂလိပ်၊ ဒတ်ချ်နှင့် ပေါ်တူဂီတို့၏ ပါဝင်ပတ်သက်မှုများ၊ လူမှုဓလေ့များနှင့် ပြည်တွင်းစစ်ကြား မြေစာပင်ဖြစ်ခဲ့ရသော ပြည်သူတို့၏ ဘဝများကိုလည်း ထင်ဟပ်တင်ပြထားသည်။
