အင်းဝ ၁၇၄၀ ပြည့်နှစ်များ - Season 2 (စ~ဆုံး)

AVA1740s - Season 2

ခက်ဇော် 9:31:24 8/26/2022
Sign in to save

Synopsis

အင်းဝ၏ အာဏာနှင့် စီးပွားရေး ကျဆင်းလာချိန်တွင် ဟံသာဝတီ၏ စစ်အင်အားနှင့် စီးပွားရေးအင်အား မြင့်တက်လာပုံကို တင်ပြထားသည့် ဒုတိယတွဲဖြစ်သည်။ ပြည်တွင်း၌ သူခိုးသူပုန်များ ထကြွလာပြီး ပြည်တွင်းပြည်ပအန္တရာယ်များ ဝိုင်းရံနေသဖြင့် ဘုရင့်အာဏာစက် တဖြည်းဖြည်း အားနည်းလာသည်။ ထို့ကြောင့် နယ်အသီးသီးရှိ ရွာများကို ရွာသူကြီးများက ကိုယ်ထူကိုယ်ထ အစုအဖွဲ့စနစ်ဖြင့် အုပ်ချုပ်လာကြရာ နောင်တွင် အလောင်းမင်းတရားကြီးဖြစ်လာမည့် ဦးအောင်ဇေယျ၏ အရှိန်အဝါ တဖြည်းဖြည်း ထင်ရှားလာပုံကို ဖော်ပြထားသည်။