ဟံသာဝတီကျဆုံးခြင်း ၁၇၅၇ (အပိုင်း11~12)
The Fall of Hantharwaddy 1757
ခက်ဇော် 31:44 10/19/2022
Synopsis
၁၇၅၇ ခုနှစ် ဟံသာဝတီကျဆုံးခန်းကို နောက်ခံထားသည့် သမိုင်းဝတ္ထုဖြစ်သည်။ သံလျင်နှင့် ရန်ကုန်ကျဆုံးပြီးနောက် ကျွန်ဈေးတွင် ရောင်းစားခံရသော မွန်ပြင်သစ်ကပြားမလေး ဆာရာဘူးလ်တပ်ကို အလောင်းမင်းတရား၏ အကြံပေး အာမေးနီးယန်းအတွင်းဝန် ဂရီဂိုရီက ဝယ်ယူကာ ဟံသာဝတီနန်းတော်သို့ သူလျှိုအဖြစ် စေလွှတ်လိုက်သည်။ ဖမ်းဆီးခံထားရသည့် မိဘနှစ်ပါးနှင့် ခင်ပွန်းကို ကယ်တင်လိုသော ဆာရာ၏ ကြိုးပမ်းမှု၊ သူလျှိုတာဝန်၏ စိန်ခေါ်မှုများနှင့် ဟံသာဝတီကျဆုံးမှုတွင် ပါဝင်ပတ်သက်သူတို့၏ အခန်းကဏ္ဍများကို စိတ်ဝင်စားဖွယ် တင်ဆက်ထားသည်။
