ဟံသာဝတီကျဆုံးခန်း ၁၇၅၇ (အပိုင်း17~18)
The Fall of Hantharwaddy 1757
ခက်ဇော် 27:12 10/24/2022
Synopsis
၁၇၅၇ ခုနှစ် ဟံသာဝတီကျဆုံးခန်းကို နောက်ခံထားသော သမိုင်းဝတ္ထုဖြစ်သည်။ သံလျင်နှင့် ရန်ကုန်ကျဆုံးပြီးနောက် ကျွန်ဈေးတွင် ရောင်းချခံရသည့် မွန်နှင့်ပြင်သစ်ကပြားမလေး ဆာရာဘူးလ်တပ်ကို အလောင်းမင်းတရား၏ အကြံပေး အာမေးနီးယန်းအတွင်းဝန် ဂရီဂိုရီက ဝယ်ယူကာ ဟံသာဝတီနန်းတော်သို့ သူလျှိုအဖြစ် စေလွှတ်လိုက်သည်။ ဆာရာသည် ဖမ်းဆီးခံထားရသော မိဘများနှင့် ခင်ပွန်းကို ကယ်တင်ရန် ကြိုးပမ်းရင်း သူလျှိုတာဝန်များကို ထမ်းဆောင်နိုင်မည်လားဆိုသည့် စိတ်လှုပ်ရှားဖွယ်အဖြစ်အပျက်များမှတစ်ဆင့် ဟံသာဝတီ၏ နောက်ဆုံးနေ့ရက်များကို ပုံဖော်ထားသည်။
