အင်းဝလွန် ၁၇၅၀ ပြည့်လွန်နှစ်များ (အပိုင်း7~8)

Beyond AVA1750s

ခက်ဇော် 29:10 8/27/2022
Sign in to save

Synopsis

အင်းဝအကြောင်း ရေးသားထားသည့် ယခင်စာအုပ်များ၏ အဆက်ဖြစ်ပြီး ၁၇၅၀ ပြည့်လွန်နှစ်များ မြန်မာနိုင်ငံ၏ အခြေအနေကို နောက်ခံထားသည်။ ရွှေဘိုကို ဗဟိုပြု၍ ကုန်းဘောင်မင်းဆက် တည်ထောင်ရန် အင်အားစုစည်းလာပုံနှင့် အလောင်းမင်းတရား ဦးအောင်ဇေယျ ဦးဆောင်သော အောက်မြန်မာပြည် နယ်မြေသိမ်းပိုက်မှုများကို ဖော်ပြထားသည်။ ထိုခေတ်၏ နိုင်ငံရေး၊ စီးပွားရေး၊ နိုင်ငံတကာဆက်ဆံရေး၊ ဥရောပလူမျိုးများ၏ ပါဝင်ပတ်သက်မှု၊ ဘာသာရေးနှင့် လူမှုဓလေ့များအပြင် ပြည်တွင်းစစ်ဒဏ်ကြားမှ သာမန်ပြည်သူတို့၏ ဘဝများကိုပါ ကွက်ကွက်ကွင်းကွင်း ရေးဖွဲ့ထားသည်။