၁၇၅၇ ဟံသာဝတီကျဆုံးခန်း (အပိုင်း21~22)
The Fall of Hantharwaddy 1757
ခက်ဇော် 30:09 10/27/2022
Synopsis
သံလျင်နှင့် ရန်ကုန်ကျဆုံးပြီးနောက် ကျွန်ဈေးတွင် ရောင်းစားခံရသည့် မွန်ပြင်သစ်ကပြားမလေး ဆာရာဘူးလ်တပ်ကို အလောင်းမင်းတရား၏ အကြံပေး အာမေးနီးယန်းအတွင်းဝန် ဂရီဂိုရီက ဝယ်ယူကာ ဟံသာဝတီနန်းတော်သို့ သူလျှိုအဖြစ် စေလွှတ်ခဲ့သည်။ ဆာရာသည် ဖမ်းဆီးခံထားရသော မိဘများနှင့် ခင်ပွန်းကို ကယ်တင်ရန် ကြိုးပမ်းရင်း သူလျှိုတာဝန်များကို ထမ်းဆောင်ရမည့် အခြေအနေနှင့် ရင်ဆိုင်ရသည်။ သူမ၏ကံကြမ္မာနှင့်အတူ ၁၇၅၇ ခုနှစ် ဟံသာဝတီနေပြည်တော်ကျဆုံးမှုနောက်ကွယ်မှ စစ်ရေးအခြေအနေများနှင့် ပါဝင်ပတ်သက်သူများအကြောင်းကို ဇာတ်အိမ်ဖွဲ့ထားသော သမိုင်းနောက်ခံဝတ္ထုဖြစ်သည်။
